Video Works
Explore our visual portfolio showcasing various video productions, corporate highlights, and special projects.
Explore our visual portfolio showcasing various video productions, corporate highlights, and special projects.
Corporate video ဆိုတာ ကုန်ပစ္စည်းကို ကြော်ငြာရုံသက်သက်မဟုတ်ဘဲ သင့်လုပ်ငန်းရဲ့ တန်ဖိုးနဲ့ ရည်မှန်းချက်တွေကို နက်နက်ရှိုင်းရှိုင်း ပုံဖော်ပေးတဲ့ ရုပ်သံဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ Bandula Entertainment Production (BEP) အနေနဲ့ လုပ်ငန်းနယ်ပယ်ပေါင်းစုံအတွက် Corporate Video များကို နှစ်ပေါင်းများစွာ အတွေ့အကြုံကောင်းများစွာဖြင့် အကောင်းဆုံး ရိုက်ကူးထုတ်လုပ်ပေးလျက်ရှိပါတယ်။ သင့်လုပ်ငန်းအတွက် စိတ်ချယုံကြည်ရတဲ့ ရုပ်သံဖန်တီးမှုတွေ လိုအပ်လာပြီဆိုရင် BEP သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်အပ်နှံနိုင်ပါတယ်။
ပရိသတ်ရဲ့ အာရုံကို ဖမ်းစားပြီး သင့်လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးမယ့် ရုပ်သံကြော်ငြာများ။ သင့်ကုန်ပစ္စည်းအတွက် ထိရောက်မှုအရှိဆုံး Commercial Video များကို BEP မှ ကျွမ်းကျင်မှုအပြည့်ဖြင့် အကောင်းဆုံး စိတ်ကူးပုံဖော် ရိုက်ကူးထုတ်လုပ်ပေးလျက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး Rave In Color Myanmar 2016 ပွဲကြီးမှစ၍ ယနေ့ခေတ် Corporate Event များအထိ။ BEP သည် အရေးပါသော ပွဲလမ်းသဘင်များအတွက် LIVE Video နှင့် After Event Recap များကို အောင်မြင်စွာ ရိုက်ကူးထုတ်လုပ်ခဲ့သည့် အတွေ့အကြုံများစွာရှိပါတယ်။ သင့် Event ရဲ့ အကောင်းဆုံး အခိုက်အတန့်တွေကို ပြီးပြည့်စုံတဲ့ ရုပ်သံ၊ ဓာတ်ပုံ မှတ်တမ်းများအဖြစ် ဖန်တီးချင်တယ်ဆိုရင်တော့ BEP မှ တာဝန်ယူ ရိုက်ကူးပေးရန် အသင့်ရှိနေပါတယ်။
ပြည်တွင်း၊ ပြည်ပ ရက်ရှည်သွားရောက်ရတဲ့ Corporate Company Trip တွေကို သာမန်မှတ်တမ်းတင်တာမျိုးမဟုတ်ဘဲ အသက်ဝင်တဲ့ Corporate Vlog တွေအဖြစ် ဖန်တီးပေးနေပါပြီ။ ခရီးစဉ်စတင်တဲ့ အချိန်ကနေ အရေးကြီးတဲ့ Event တွေအထိ Aerial, Underwater နဲ့ 360 Camera အစရှိတဲ့ နည်းပညာတွေအသုံးပြုပြီး အမိုက်စား ရိုက်ကူးထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ သင့်လုပ်ငန်းရဲ့ ခရီးစဉ်မှတ်တမ်းတွေကို အကောင်းဆုံး အရည်အသွေးနဲ့ ဖန်တီးချင်တယ်ဆိုရင် BEP ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။
သဘာဝကျတဲ့ အခိုက်အတန့်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ Reality TV Series တွေဖန်တီးဖို့ဆိုတာ အတွေ့အကြုံနဲ့ ဖန်တီးနိုင်စွမ်း အများကြီး လိုအပ်ပါတယ်။ နာမည်ကျော် အကယ်ဒမီမင်းသမီး Host အဖြစ် ပါဝင်ထားပြီး ၂၀၂၀ ခုနှစ်မှာ Channel 9 ကနေ ထုတ်လွှင့်ခဲ့တဲ့ "ခရီးသွားဟန်လွဲ" (Season 2) ဟာ BEP ရဲ့ အောင်မြင်တဲ့ Reality Show မှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။ အခြားသော ရုပ်သံအစီအစဉ်များစွာကိုပါ ရိုက်ကူးထုတ်လုပ်နိုင်စွမ်းရှိပြီး သင့်ရဲ့ Reality TV Series ပရောဂျက်များကို ရုပ်ရှင်ဆန်ဆန် အကောင်းဆုံး ပုံဖော်ချင်တယ်ဆိုရင်တော့ BEP သို့ ယုံကြည်စွာ အပ်နှံနိုင်ပါတယ်။
အရေးကြီးတဲ့ အခိုက်အတန့်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်ပေးဖို့ Live Production တွေဖန်တီးရာမှာ အတွေ့အကြုံနဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။ Cinematic ကင်မရာများ၊ Multi-camera Setup နဲ့ ချောမွေ့လှပတဲ့ Live Switching တွေကို ပေါင်းစပ်ပြီး ပွဲအခမ်းအနားများကို BEP မှ အကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိပါတယ်။